ads

Thursday, December 27, 2018

စက်ချုပ်တယ်ဆိုတာ

စက်ချုပ်တယ်ဆိုတာ..

နေရိပ်ထဲမှာနေပေမယ့်

ဘယ်လောက်ပင်ပန်းတယ်ဆိုတာ

ချုပ်တဲ့သူပဲသိတယ်..။


စက်ချုပ်တယ်ဆိုတာ..

စက်ခုံမှာထိုင်နေပေမယ့် 

စိတ်ကူးထဲမှာ

ဆန်းသစ်မှုတွေကို တီထွင်နေရတယ်..။


စက်ချုပ်တယ်ဆိုတာ..

ဆိုင်ထဲမှာထိုင်နေရင်း 

ပတ်ဝန်းကျင်နဲ့အဆက်မပြတ်အောင်လဲ

အမြဲဂရုစိုက်နေရတယ်..။


စက်ချုပ်တယ်ဆိုတာ..

တစ်နေ့ထက်တစ်နေ့ပိုတော်ဖို့

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး

update မြှင့်ပေးနေရတယ်..။


စက်ချုပ်တယ်ဆိုတာ..

ဖောက်သည်တွေရဲ့စရိုက်ကိုသိပြီး

လိုက်လျောညီထွေ

ဆက်ဆံသည်းခံရတယ်..။


စက်ချုပ်တယ်ဆိုတာ..

နောက်ကျမကျန်ခဲ့အောင်လဲ

ခေတ်မှီဖက်ရှင် ပညာရပ်တွေကို

မပြတ်လေ့လာနေရတယ်..။


စက်ချုပ်တယ်ဆိုတာ..

တိမ်ကောသွားမယ့် ပညာရပ်မဟုတ်ဘဲ

ဒေသတိုင်း နေရာတိုင်းမှာ

လိုအပ်တဲ့ ပညာတစ်ခုဖြစ်ပါတယ်..။


စက်ချုပ်တယ်ဆိုတာ..

မိန်းကလေးတစ်ယောက်အတွက်

အသင့်တော်ဆုံးနဲ့ ဘဝအာမခံချက်ရှိတဲ့

ပညာရပ်တစ်ခု ဖြစ်ပါတယ်..။


စက်ချုပ်တယ်ဆိုတာ..

စိတ်ထားတတ်ရင် ကုသိုလ်လည်းရ

နောက်ဘဝမှာ ရုပ်ရည်လည်းလှမယ့်

ပညာရပ်တစ်ခုပါ..။

Pann Swal Taw

Facebook တွင် Like & Share လုပ်ရန်

ဒီမှာ နှိပ်ပါ။

No comments:

Post a Comment